Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

“ `မြန်မာမလေးများ(၁၉၂၃) ”

ဗြိတိန် အနုပညာ။
အက်ဒွပ် အက်ကင်ဆန် ဟွန်းနဲလ်၏
``မြန်မာမလေးများ(၁၉၂၃)``....အမည်ရ ပန်းချီကား။
၁၈၆၄၊ .....သြစတေးလျနိုင်ငံတွင် ဖွားမြင်ခဲ့၍ ....များမကြာမီမှာပင် မိဖနှစ်ပါးက ဇာတိမြေ စကော့တလန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် ထိုနယ်ထိုရပ် ``ကာကုဒ်ဘရိုက်``မြို့ကလေးတွင် ဟွန်းနဲလ်တစ်ယောက် နေထိုင်ကြီးပြင်းခဲ့လေသည်။ သူသည် ``ဂလပ်စ်ဂေါ လူကလေးများ``ပန်းချီအုပ်စုနှင့် တွဲဖက်မိခဲ့သူ၊ ပြီးတော့ ...၁၈၉၄-၉၅ နှစ်များတွင် အရှေ့တိုင်း ပန်းချီနှင့် အရောင်အသွေးကိစ္စများ လေ့လာရန်အလို့ငှာ ဂျပန်ပြည်တွင် ၁၈-လ တိုင်တိုင် နေထိုင်ခဲ့ဖူး၍ ...သူ၏ ပန်းချီများသည် ဂျပန်ဟန် လွှမ်းမိုးနေသည်....ဟု အမှတ်သညာပြုခြင်းခံရသူ၊ ......၁၉၂၀ စတင်စနှစ်များဆီက မြန်မာပြည်သို့ သူရောက်ရှိလာခဲ့ရာတွင် အထူးအားဖြင့် သူသည် မန္တလေးနှင့် ဧရာဝတီ ရှုခင်းပသာဒများကို စွဲမက်ခဲ့ကြောင်း၊ ....ယခင်ကလည်း ဟွန်းနဲလ်၏ ပုံကားအချို့ကို ကျွန်ုပ်တို့ တင်ဆက်ခဲ့ဖူးရာတွင် ``မြန်မာမလေးများ``....ဟု အမည်ရသည့် ဤဆီဆေးပန်းချီလက်ရာသည်လည်း စွဲမက်စရာ အနုပညာပုံကားတစ်ချပ် ဖြစ်သည်....ဟု ကျွန်ုပ်တို့ သဘောရမိကာ ....ဧရာဝတီမြစ်ကမ်းဝယ် ညနေခင်း ရေချိုးဆင်းကြသူ မြန်မာမိန်းမငယ်လေးများ၏ မူဟန်သဘာဝနှင့် အလှအပများကိုမူ သင်ကိုယ်တိုင် ဆက်လက် ရှုစားရန် ဖြစ်ပေသည်။
ဗြိတိန် အနုပညာ။
အက်ဒွပ် အက်ကင်ဆန် ဟွန်းနဲလ်၏
``မြန်မာမလေးများ(၁၉၂၃)``....အမ
ည်ရ ပန်းချီကား။

 Lin San Letpanpya facebook  မှ

No comments:

Post a Comment