Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, April 26, 2013

ဖတ်ခြင်း နဲ့  မဖတ်ခြင်းများ


လမ်းဆုံလမ်းခွ ဆိုင်တစ်ဆိုင်ရဲ့ 
လမ်းအကျဆုံးစားပွဲကို ရွေးထိုင်လိုက်တယ်
ဖတ်စရာတွေ တစ်ပုံတစ်ပင် ကျလာလေပေါ့ ....
ဆံပင်အရောင်တွေကို ဖတ်တယ် ..ဆံပင်ပုံစံတွေကို မဖတ်ဘူး
မျက်ဝန်းတွေကို ဖတ်တယ်...မျက်တောင် မျက်ခုံးတွေကို မဖတ်ဘူး
နားကပ်တွေ နားပန်တွေကို ဖတ်တယ်...နားရွက်တွေကို မဖတ်ဘူး
နှုတ်ခမ်းတွေကို ဖတ်တယ်...စကားသံတွေကို မဖတ်ဘူး

ပါးပြင်တွေကို  ဖတ်တယ်...အပြုံးအမဲ့ တွေကို မဖတ်ဘူး
မျက်နှာပြင်ကိုဖတ်တယ်..အမူအရာတွေကို မဖတ်ဘူး
လက်ချောင်းခြေချောင်းတွေဖတ်တယ်....လက်စွပ်တွေ ခြေကျင်းတွေ မဖတ်ဘူး
ကိုယ်ခန္ဓာတွေ ဖတ်တယ်...ကိုယ်နေဟန်ထားတွေ မဖတ်ဘူး
အရပ် နဲ့  အထိုင် တွေ ဖတ်တယ်...သွားနေတဲ့ စတိုင်တွေ မဖတ်ဘူး

အဝတ်အထည် အသားတွေဖတ်တယ်...အဝတ်အစား ဒီဇိုင်းတွေမဖတ်ဘူး
ဖတ်မိတဲ့  ပင်ကိုယ်ထည်တွေနဲ့ 
မဖတ်ခဲ့ တဲ့  အဆင်အခြယ်တွေကြား
အဘိဓာန်ဟာ အလွဲလွဲ အမှားမှား..............။ ။


ကိုမှိုင်း

No comments:

Post a Comment